
နိုင်ငံတကာ ၊ စက်တင်ဘာ ၈
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာစက်တင်ဘာ ၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်က ဒွန်မောင်းလေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်လည်ရောက်လာခဲ့ပါတယ်။
သက်ဆင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်က ထိုင်းနိုင်ငံမှ Bombardier Global 7500 သီးသန့် ဂျက်လေယာဉ်ဖြင့် စင်ကာပူတွင် ဆေးစစ်ခံရန် ထိုင်းလေဆိပ်မှ ထွက်ခွာခဲ့ပြီး လေယာဉ်သည် ဒူဘိုင်းသို့ ဦးတည်ပျံသန်း သွားခြင်းကြောင့် ထိုင်းနိုင်ငံအတွင်းမှ ထွက်ပြေးသည်ဟု ထင်ကြေးများပေးလာခဲ့ကြပါတယ်။
အဲဒီဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ခရီးစဥ်မှာ လေဆိပ် လ၀ကက ၂ နာရီကြာ ပြည်ပထွက်ခွာခွင့်ရှိမရှိ စစ်ဆေးခဲ့ပြီး
ဘုရင်လွတ်ငြိမ်းခွင့်ကြောင့် အမှုဟောင်း ပြီးဆုံးပြီး ပြည်ပထွက်ခွာခွင့်ရှိသဖြင့် ထွက်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထောင်ဒဏ်ချခံရစဉ် ထောင်အတွင်းမနေဘဲ ပြည်ထဲရေးဆေးရုံပေါ်သို့ တက်နေခဲ့မှုအတွက် စက်တင်ဘာ ၉ ရက်မှာ ရုံးချိန်တက်ရန်အမီ သက်ဆင် ပြန်လည်ရောက်ရှိလာကာ အဝေးမှ တယ်လီဆွဲ ရိုက်ထားသော ဓာတ်ပုံများအရ လေယာဉ်ခရီးစဉ်တွင် သက်ဆင်ပြန်ပါလာသည်ဟု ထိုင်းမီဒီယာများက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
သက်ဆင်၏ လေယာဉ်သည် ဒူဘိုင်းမှ မလေးရှား၊ မလေးရှားမှ စင်ကာပူ၊ ထိုမှတစ်ဆင့် ဒွန်မောင်း လေဆိပ်သို့ ပြန်လည်ဆိုက်ရောက်လာခြင်းဖြစ်ကာ လေကြောင်းအချက်ပြ လမ်းကြောင်းများအရ သိရပါတယ်။