
မြန်မာ့ဂုဏ် စက်တင်ဘာ ၁၅
၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်တပ်မတော် (ရေ)မှစစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းကိုယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်အရာရှိ၊ စစ်သည်၊မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ၌အောင်မြင်ခဲ့ကြသည့်ကျောင်းသားကျောင်းသူများ၊ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါတယ်။
ကာကွယ်ရေးဦးစီးချုပ် (ရေ) က ဂုဏ်ပြုအမှာစကားပြောကြားပြီး ထို့တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊လေးဘာသာဂုဏ်ထူးရှင် ခုနစ်ဦး၊သုံးဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦးတို့ကို ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
#Myanmagon