



နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၈
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အမှာစကားပြောကြားရာတွင် တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လေထု၊ မြေထု၊ ရေထုများကို တစ်လက်မမျှ ကျူးကျော်မှုမရှိစေရေး ကာကွယ်ပေးရန်မှာ မိမိတို့တာဝန်ဖြစ်ကြောင်း၊ ထိုသို့ ကာကွယ်နိုင်ရန်အတွက် တပ်မတော်အနေဖြင့် အင်အားတောင့်တင်းပြီး စွမ်းရည်သုံးရပ် ပြည်စုံနေရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲတွင် ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယမန်နေ့က တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါတယ်။
#Myanmagon(Sn)