
နေပြည်တော်မှာ တည်ဆောက်နေတဲ့ ဘက်ထရီလျှပ်စစ်ရထားတွေကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် အထူးကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်း
MMG March 12
နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှာ တည်ဆောက်နေတဲ့ ဘက်ထရီလျှပ်စစ် ရထားတွဲဆိုင်းတွေ၊ ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ်တွေနဲ့ ဘက်ထရီတွဲတွေကို အရည်အသွေးပြည့်မီစေဖို့နဲ့ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးဖို့ တာဝန်ရှိသူအားလုံးက အထူးကြိုးပမ်းဆောင်ရွက်ကြဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက တိုက်တွန်းမှာကြားခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးဟာ မတ်လ ၁၁ ရက်၊ မနက်ပိုင်းက မြန်မာ့မီးရထားရဲ့ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှာ ဆောင်ရွက်နေတဲ့ BatteryElectric Multiple Unit (BEMU)တည်ဆောက်နေမှု၊ ဘက်ထရီ လျှပ်စစ်စက်ခေါင်း (Battery Electric Locomotive–BEL) နဲ့ ဘက်ထရီတွဲ တည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးစဥ်မှာ မှာကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
#Myanmagon