
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်ဆီရက်(၄၀)စာ၊ ဒီဇယ်(၅၀)ရက်စာရှိ စက်သုံးဆီတင်သင်္ဘောများဆက် လက်ရောက်ရှိလာမည်
မြန်မာ့ဂုဏ် မတ်လ ၁၄
မြန်မာနိုင်ငံ၌ စက်သုံးဆီလက်ကျန်အလုံအလောက်ရှိ၍ စိုးရိမ်ပူပန်မှုမရှိရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲခေါင်း ဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ မတ် ၁၄ ရက်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
” ဒီနေ့ မတ် ၁၄ ရက်အထိ အရန်စက်သုံးဆီလက်ကျန်ဟာ ဓာတ်ဆီဂါလံသန်း(၆၀)ကျော် တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ (၄၀)ရက်စာကျန်ရှိပါတယ်။
ဒီဇယ်ဂါလံ (၈၅)သန်းကျော် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရက် (၅၀)စာ အရန်ဆီအဖြစ်ရှိပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိအချိန်၌ ဆိပ်ကမ်းတွင်ဆီချနေသည့် သင်္ဘော (၃)စင်း၊ ရန်ကုန်ဆိပ်ကမ်းဘက်တွင်ရောက်ရှိနေသည့် သင်္ဘော(၂)စင်း၊ လမ်းကြောင်းပေါ်၌ မြန်မာနိုင်ငံသိုလာနေသည့် သင်္ဘော(၃)စင်း၊ ဆီတင်ရန် နိုင်ငံခြားဆိပ် ကမ်းတွင်စောင့်ဆိုင်းနေသော သင်္ဘော(၁၂)စင်းရှိပြီးဖြစ်ကြောင်း
ထို့ပြင် မတ်လနှင့် ဧပြီလအတွင်း၌ မြန်မာနိုင်ငံအတွင်းသို ဆီများဝင်လာနိုင်ရန် စာချုပ်ချုပ်ဆိုလုပ်ဆောင်ထားပြီး သင်္ဘော(၁၉)စင်းရှိ၍ စက်သုံးဆီနှင့်ပတ်သက် ၍ မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုများမရှိရန် ဗိုလ်ချုပ် ဇော်မင်းထွန်းက အသိပေးပြောကြားခဲ့ပါတယ်။
#Myanmagon