
မြန်မာ့ဂုဏ်၊ ဩဂုတ် ၂၈
နောင်ချို ကျောက်မဲသွားကားလမ်း ဂုတ်တွင်းလမ်းပိုင်းကနေရာအများစုကို တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း ရှေ့တန်းစစ်မြေပြင်နဲ့နီးစပ်သူတစ်ဦးက မြန်မာ့ဂုဏ်ကိုပြောပါတယ်။
“မနေ့က ကျွန်တော်တို့ သိမ်းလိုက်တာဗျ နတ်စင်ကွေ့ ဗျူးပွိုင့်အားလုံးကို သိမ်းလိုက်ပါပြီ အခုတော့ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေကြတယ်” လို့သူကပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဩဂုတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ နှစ်ရက်ပေါင်း အကြမ်းဖက် TNLA/PDF အလောင်း ၁၃ လောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ သူကဆိုပါတယ်။
“အလောင်းကတော့ ၁၃ လောင်းတွေ့တယ် နှစ်ရက်ပေါင်းပေါ့နော် လက်နက်တွေလည်းရတယ် နယ်မြေရှင်းနေတုန်းပဲ တိုက်ပွဲဖြစ်စဉ်မှာ အလောင်းလက်နက် ပြန်ဆွဲပြေးတာလဲရှိတယ် မျက်မြင်ကတော့ ၁၃ လောင်းရတယ် ဘန်ကာတွေ စခန်းတွေလည်းရတယ်”လို့ မြန်မာ့ဂုဏ်သတင်းဌာနကိုပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြမ်းဖက် TNLA/PDF အဖွဲ့တွေက တစ်စုံတစ်ရာထုတ်ပြန်တာမရှိသလို အစိုးရဘက်ကလည်း တစ်စုံတရာထုတ်ပြန်တာမရှိသေးပါဘူး။