
မြန်မာ့ဂုဏ် ၊ ဩဂုတ် ၂၈
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင်းပင်တို့ တွေ့ဆုံဆွေးနွေးမှုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ခရီးစဉ်မှာ တရုတ်သမ္မတရှီကျင်းပင်တို့ တွေ့ဆုံဆွေးနွေးမှု အပါအဝင် ထျန်ကျင်းမြို့မျာပြုလုပ်မဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၊ ပေကျင်းမှာပြုလုပ်မယ့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားကို တက်ရောက်ကာ တရုတ်အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေးမှု နဲ့ အခမ်းအနားသို့လာရောက်တဲ့ အခြားနိုင်ငံခေါင်းဆောင်များနဲ့တွေ့မှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။
နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအပါအဝင် ပညာရေး ၊ စက်မှုထုတ်ကုန်နဲ့ တရုတ်နိုင်ငံရဲ့ အထင်ကရနေရာများကို သွားရောက်လေ့လာသွားမယ်လို့ သိရပါတယ်။ #MyanmaGon #China #Myanmar