
မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၅
ထိုင်းဘက်မှ မြန်မာဘက်သို့ အဓိကကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ နယ်မြေဒေသခံများထံမှ သိရပါတယ်။
“ မြဝတီနဲ့ ကော့ကရိတ်ကြားမှာရှိတဲ့ အာရှလမ်းမကြီးပေါ်က အဓိကနေရာဖြစ်တဲ့ သင်္ကန်းညီနောက်ကို စက်တင်ဘာ၅ရက် ဒီကနေ့မှာ တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ် အဲတော့ မြဝတီဘက်က တိုးလာတဲ့ အဖွဲ့နဲ့ ကော့ကရိတ်ဘက်ကတက်သွားတဲ့အဖွဲ့ သင်္ကန်းညီနောင်မှာ ဆုံသွားကြပြီ အာရှလမ်းဘေးဝန်းကျင်ကို နယ်မြေရှင်းလင်းတာတွေ ဆက်လုပ်နေတယ်လို့ ’’ ရှေတန်းစစ်မျက်နှာနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။
အာရှလမ်းမကြီးမှာ နယ်မြေလုံခြုံရေးမရှိလို့ ကုန်စည်စီးဆင်းမှုနဲ့သွားလာမှုပြက်တောက်နေသည်မှာ နှစ်နဲ့ချီကာ ကြာမြှင့်နေပြီဖြစ်ပြီး မကြာမှီကာလအတွင်း အာရှလမ်းမကြီးကို အလုံးစုံထိန်းချုပ်မှုတွေရှိလာပါက ကုန်စည်စီးဆင်းမှုတွေ ပြန်လည်တွေ့နိုင်မယ့် အလားအလာတွေလည်းရှိနေပါတယ်။
#MyanmaGon