
နိုင်ငံတကာသတင်း ၊ စက်တင်ဘာ ၇
ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် အနူတင်ချန်ဗီရာကူလ်ကို စက်တင်ဘာ ၇ ရက်နေ့ ဒီကနေ့မှာ ကျမ်းသစ္စာကျိန်ဆိုကာ ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။
အနူတင်ကို ဝန်ကြီးချုပ်အဖြစ် ထိုင်းလွှတ်တော်ရဲ့ မဲပေးရွေးချယ်မှုကို ထိုင်းဘုရင်က အတည်ပြုခဲ့ပြီးနောက် ကျမ်းသစ္စာကျိန်ဆိုခဲ့ တာလည်းဖြစ်ပါတယ်။
အနူတင်က ၎င်း၏ ကတိစကားအတိုင်း ရွေးကောက်ပွဲအသစ် ပြုလုပ်မည့်အချိန်အထိ ဦးဆောင်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထိုင်းဘုရင်က အနူတင် ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်သူဌေး တစ်ဦးဖြစ်တဲ့ အနူတင်ကို စက်တင်ဘာ ၅ ရက်တွင် လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခဲ့ပြီးနောက် ယခင်ဝန်ကြီးချုပ်ပေတုန်တန်ရှင်နာဝပ် ရာထူးမှဖယ်ရှားခံရပြီး လစ်လပ်နေတဲ့ဝန်ကြီးချုပ်နေရာကို သီတင်းတစ်ပတ်အကြာမှာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
Photo – AFP
#MyanmaGon