

မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁၀
အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ခမောက်ပါတီ အနေဖြင့် ပါတီဖျက်သိမ်းခံရပြီး လက်ရှိ ၂၀၂၅ အထွေထွေရွေးကောက်ပွဲအခင်းအကျင်းတွင် ဆက်လက်ပါဝင်ရန်အခွင့်အရေးဆုံးရှုံးရသည့်အပေါ် မဲဆန္ဒရှင်ပြည်သူများအား အနူးအညွှတ်တောင်းပန်အပ်ပါကြောင်း အခွင့်အရေးရှိခဲ့ပါက ယခုရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ခွင့်ရရန် ကြိုးပမ်းလျှက်ရှိပါကြောင်း စက်တင်ဘာလ (၁၀)ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
NDF ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်၍ ပါတီရုံးခန်းပြည့်မှီရေး၊ ပါတီဝင်အင်အားရရှိရေးအတွက် နိုင်ငံရေး အကျပ်အတည်းများ ကြားမှကြိုးစားခဲ့၍ ရွေးကောက်ပွဲကော်မရှင် (UEC)၏ သတ်မှတ် ရက် ၇.၉.၂ဝ၂၅ ရက်နေ့အမှီ ပါတီဝင်ဦးရေ ၈၈၈၂၀ဦး နှင့် မြို့နယ်ရုံးခန်း ၁၁၇ရုံးအား ပေးပို့ တင်ပြခဲ့ပါ သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် အမှတ် ၉၅/၂၀၂၅အရ ပါတီဝင်ဦးရေပြည့်မီခြင်းမရှိပါသဖြင့် NDFပါတီကို ဖျက်သိမ်းကြောင်း ကြေညာခံခဲ့ရကြောင်း ပါတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတ်မှတ်ပါတီဝင်ဦးရေမပြည့်မှီတဲ့အတွက် NDFပါတီကိုပယ်ဖျက်ကြောင်းနဲ့ ကျန် ၃ပါတီမှာ ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီသည့်အတွက် DNP ပါတီ၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတိုအား မှတ်ပုံတင်ပယ်ဖျက်၍ ပါတီဖျက်သိမ်းလိုက်ကြောင်း စက်တင်ဘာ ၉ ရက်နေ့ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကြေညာခဲ့တာဖြစ်ပါတယ်။
#MyanmaGon #NDF #UEC