


မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁၅
(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိအောင်မျှော်မှန်းကြရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်
စက်တင်ဘာ (၁၄) ရက်က ရန်ကုန်မြို့၊ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) (သုဝဏ္ဏ)မှာ အားကစားနဲ့လူငယ်ရေးရာပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ Jeng Phang နော်တောင် နဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားအဖွဲချုပ်အသီးသီးမှတာဝန်ရှိသူများ ဒုတိယအကြိမ်တွေ့ဆုံကျင်းပတဲ့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
လာမယ့်နိုဝင်ဘာလမှာ အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ အားကစားနည်းများအားလုံး စုံစုံလင်လင်တက်ရောက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့တယ်လို့ သိရပါတယ်။
ဒုတိယအကြိမ် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူးများနဲ့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနဲ့ တွဲဖက်အတွင်းရေးမှူးများ တ က်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
#MyanmaGon #SEAGAME