
မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁၆
တရုတ်နိုင်ငံ၊ နန်နင်းမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောဟာ လျှိုကျိုးမြို့ရှိ Guangxi Liugong Machinery Co.,Ltd Global R & D Center ကို စက်တင်ဘာ ၁၆ ဒီကနေ့ နံနက်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။
စက်ရုံမှအဆင့်မြင့်နည်းပညာများဖြင့် ဆန်းသစ် တီထွင်ထုတ်လုပ်လျက်ရှိသည့် စက်ယန္တရားကြီးများ၊ EV စက်ယန္တရားကြီးများနဲ့ စက်ပစ္စည်းအစိတ်အပိုင်းများ၊ စက်ရုံမှထုတ်လုပ်တဲ့ EV Loader ဖြင့်အန္တ ရာယ်ရှိသည့် လုပ်ငန်းခွင်များ၌ အဝေးထိန်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုပြကွက်တို့ကို လေ့လာခဲ့ပါတယ်။
အဲဒီစက်ရုံကထုတ်လုပ်တဲ့ စက်ယန္တရားကြီးများဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုကိုလည်း ကြည့်ရှုလေ့လာကာ နိုင်ငံတော်ဝန်ကြီးချုပ်မှသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#MyanmaGon