


မြန်မာ့ဂုဏ် စက်တင်ဘာ ၁၈
စက်တင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ့်ဖလုံ နယ်စပ်နှင့် ၁ ကီလိုမီတာအကွာတောတွင်း၌ မူးယစ်မှောင်ခိုသမားများနှင့် ထိုင်း စစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
နယ်စပ်ကိုဖြတ်ကျော်ကာ လူ ၁၀ ဦးကျော်သည် အထုပ်အပိုးများဖြင့် ဝင်လာသဖြင့် ထိုင်းနယ်စပ် လုံခြုံရေးတပ်များက စစ်ဆေးမေးမြန်းရန် သွားရာ အမျိုးအမည်မသိသော လက်နက်ဖြင့် ပစ်ခတ် သောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ခဏအကြာတွင် ပြန်လည်ပစ်ခတ်သံများ တိတ်သွားပြီးနောက် နယ်မြေရှင်းလင်းရန် သွားရောက်ရာတွင် မည်သူမျှ မရှိတော့ဘဲ အိတ် ၁၅ အိတ် ကို စွန့်ပစ်ထွက်ပြေးသွားသည်ကို သိရှိခဲ့ကြောင်းပြောပါတယ်။
ထိုအိတ်များကို စစ်ဆေးရာတွင် L 999 အနီရောင်တံဆိပ်ဖြင့် စိတ်ကြွဆေးပြား ၄၂၉၈၀၀၀ ပြား သိမ်းဆည်းရမိခဲ့သည်ဟု ချင်းရိုင် ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားပါတယ်။
Ref: MAESAIPRESS
#Myanmagon