
မြန်မာ့ဂုဏ် စက်တင်ဘာ ၁၈
Naypyitaw State Academy ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေ)၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာတန်း ပထမနှစ်သင်တန်းများ၏ ဒုတိယစာသင်နှစ်ဝက် စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး၊ စာမေးပွဲလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါတယ်။
အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များ၏ ၂၀၂၄-၂၀၂၅ ခုနှစ် ဒုတိယပညာသင်နှစ်ဝက် စာမေးပွဲများကို စက်တင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ဖြေဆိုကြမည်ဖြစ်ပါတယ်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy အတွင်း တည်ဆောက်နေသည့် ဘွဲ့နှင်းသဘင်ခန်းမဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
#Myanmagon