မြန်မာ့ဂုဏ် စက်တင်ဘာ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြပါတယ်။
ဦးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဆန်နှင့် အသား၊ ငါး ဖူလုံမှုဆိုင်ရာများ၊ ငါး၊ ပုစွန်မွေးမြူရေးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အလတ်စားနှင့် အငယ်စား MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု၊ ရေပေးဝေရေးဆောင်ရွက်ထားရှိမှု၊ ငါးလေလံဈေးနှင့် စက်မှုဇုန်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါတာ်။ယင်းနောက် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက မြိတ်မြို့၊ ငါးလေလံဈေးတည်ဆောက်ရေးစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းအား BOO စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးစေလိုမှု၊ မြိတ်လေယာဉ်ကွင်းအား ပြည်ပကုန်တင်လေယာဉ်များ ဆင်းသက်နိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ကုန်များအား ကုန်ချောထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မြိတ်မြို့မှ ရေငန်ငါးများတင်ပို့ရာတွင် ပိုမိုမြန်ဆန်မှုရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို တိုးတက်မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ပုစွန်သားပေါက်များရရှိရေး၊ ပုစွန်အစာရရှိရေးတို့အား လွယ်ကူလျင်မြန်စွာတင်သွင်း ခွင့်ရရှိနိုင်ရေးနိုင်ငံတော်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ရာဘာကုန်ကြမ်းများအား ပြည်ပသွင်းကုန်အစားထိုးတန်ဖိုးမြင့်ကုန်ချော Tubeless တာယာစက်ရုံအတွက် လိုအပ်သည့်စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခွင့်ရရှိရေးလိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြကြပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားရာတွင် တင်ပြချက်များတွင်ပါဝင်သည့် မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးတည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြေနေရာနှင့် ပတ်သက်၍လည်း မူဝါဒချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ မြိတ်ခရိုင်အတွင်း ဆန်ဖူလုံမှုနှင့်ပတ်သက်၍ တိုးတက်မှုရှိလာသည်ကို တွေ့ရှိရသော်လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးအတွက်ခွင့်ပြုပေးထားသည့် မြေနေရာများ၌ အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး၊ သတ်မှတ်စည်းမျဉ်းများနှင့်အညီဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မြိတ်ဒေသတွင် အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်နေထိုင်ကြမည်ဆိုပါက လူနေထိုင်မှုအတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပြီး စိုက်ပျိုးမြေများ၌ အခြားနည်းများဖြင့် အသုံးပြုမှုများသည်လည်းလျော့နည်းသွားမည်ဖြစ်ကြောင်း၊ ရေထွက်ကုန်ပစ္စည်းများတင်ပို့ရာတွင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ဖြစ်ရန်လိုကြောင်း၊ ပြည်ပသို့တင်ပို့ရာတွင် အအေးခန်းကွန်တိန်နာများဖြင့် သယ်ယူဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ပုစွန်သားပေါက်တင်သွင်းခွင့်ရရှိရေး၊ ပုစွန်အစာတင်သွင်းခွင့်ရရှိရေးတို့နှင့် ပတ်သက်၍ အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများသည် အိမ်နီးချင်းနိုင်ငံများ၌ ဈေးကွက်လိုအပ်ချက်ပမာဏကြီးမားစွာရှိသည့်အတွက် လေကြောင်းလိုင်းများမှတစ်ဆင့် တင်ပို့နိုင်ရေး မြိတ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပုစွန်မွေးမြူရေးအတွက် လိုအပ်သည့် ပုစွန်အစာနှင့် ပတ်သက်၍ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပုစွန်မွေးမြူရေးတွင် ပုစွန်ကန်များ ပြုလုပ်၍ မွေးမြူသကဲ့သို့ သဘာဝဘေးအန္တရာယ်ကို အတတ်နိုင်ဆုံးလျှော့ချနိုင်ရန်အတွက် လေကာပင်များ စိုက်ပျိုးရန်လိုကြောင်း၊ ပုစွန်ကန်များ ဖော်ထုတ်ရာတွင်လည်း စနစ်တကျသုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း။နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းနိုင်ရေး တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပေးရန် လိုအပ်သည်များကို ဆွေးနွေးဆောင်ရွက်နိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသနှင့် နိုင်ငံတော်ကို စီးပွားရေးအရမြှင့်တင်နိုင်ရေး၊ လူမှုရေးအရမြှင့်တင်နိုင်ရေးဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ လူတိုင်းသည် နိုင်ငံရေးအရတည်ငြိမ်ပြီး စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုများကို လိုလားကြကာ စိတ်အေးချမ်းသာစွာဖြင့် စီးပွားရေးလုပ်ဆောင်လိုကြကြောင်း။မိမိတို့အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံရေးအရ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်ဖြင့် ပြည်သူကလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖြင့် ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းနိုင်ရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အသက်ဖြစ်ပြီး အလွန်အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် လွှတ်တော်များကျင်းပမှုနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။နိုင်ငံတော်အနေဖြင့်လဒေသမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများဖြင့် စက်မှုကုန်ထုတ်လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်၍ရနိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ရာဘာကုန်ကြမ်းများကို အခြေခံ၍ ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ရာဘာကုန်ချောထုတ်ကုန်များကို ထုတ်လုပ်၍ရနိုင်ကြောင်း၊ အလားတူဒေသတွင်းအများအပြားဖြစ်ထွန်းအောင်မြင်သည့် အုန်းနှင့် ပတ်သက်၍လည်း အဆင့်မြင့်ဈေးကွက်ဝင်ကုန်ချောများ ထုတ်လုပ်နိုင်သည်ဖြစ်သဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိရှိအသုံးချစေလိုပြီး ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။ပညာရေးနှင့်ပတ်သက်၍ မြိတ်မြို့သည်ပညာရေးကို အားပေးသည့် မြို့ဖြစ်သည်ကို တွေ့ရှိရသော်လည်း တန်းစဉ်ကူးပြောင်းမှုနှုန်းနည်းပါးနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေးဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိတို့၏ အနာဂတ်သားသမီးများကို ကောင်းမွန်သည့် ပညာအမွေပေးခဲ့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ အတန်းပညာကောင်းမွန်မှသာလျှင် အတတ်ပညာများ သင်ယူရာ၌ ပိုမိုလွယ်ကူနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်းသည် နောင်တစ်ချိန်အတွက် ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး နိုင်ငံ၏အနာဂတ်အတွက် စိတ်ချရအောင် ပညာရေးကို စနစ်တကျဖြင့် အလေးပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။မိမိတို့အနေဖြင့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိပြီး မဲပေးရာတွင်လည်း မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များဖြင့် ဆန္ဒမဲများပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များသည် ယုံကြည်စိတ်ချရပြီး မဲမသမာမှုပြုလုပ်၍မရကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံ၏ အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်းအောင်ဆောင်ရွက်နိုင်မည့်သူများ ဖြစ်ရန်လိုကြောင်း၊ မြိတ်ဒေသတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြိတ်ဒေသတွင်နေထိုင်သူများကလည်း မိမိတို့ဒေသအကျိုးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ပါတယ်။
ယင်းနောက် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် မြိတ်ခရိုင်အတွင်းမှ MSME ထုတ်ကုန်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပါတယ်။
#Myanmagon




