
မြန်မာ့ဂုဏ် စက်တင်ဘာ၂၂
ရန်ကုန်မြို့တွင်း နေ့စဉ် YBS စီးနင်းသွားလာသူများ အတွက် Yangon Payment Services မှ သီတင်းကျွတ်အမှတ်တရ အနေဖြင့် ဒီဇိုင်းသစ် YPS ကတ်အသစ်ကိုထပ်မံထုတ်လုပ်ပြီး တစ်ကဒ်ကိုကျပ်၁၅၀၀၀ သတ်မှတ်ထားကြောင်းကို ယင်းကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သီတင်းကျွတ်ကာလကိုရောက်တော့မယ်ဆိုတော့ ချစ်ရတဲ့သူတွေကို သီတင်းကျွတ်လက်ဆောင်အနေနဲ့ ပေးဖို့အဆင်ပြေအောင် ၊သီတင်းကျွတ်အမှတ်တရ အနေနဲ့ ပေးဖို့ YPS ကတ်အသစ်တွေကို ထုတ်တာပါ လက်ရှိမှာတော့ တစ်ခြားဝန်ဆောင်မှုတွေတော့မပါ ပါဘူး”ဟု Yangon Payment Services မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သီတင်းကျွတ်အမှတ်တရ အနေဖြင့် YPS ကတ်အသစ် များမှာ ကဒ်ဖိုးငွေ ၁၅၀၀၀ နှင့် ကဒ်ထဲတွင် YBS စီးရန်ငွေ ၅၀၀၀ ပါမည်ဟုသိရပါတယ်။
“သီတင်းကျွတ်အမှတ်တရ အနေနဲ့ ဒီဇိုင်းသစ် YPS ကတ်အသစ်ကိုထပ်မံထုတ်လုပ်တာကို တော့လက်ခံပါတယ်။ဒါပေမဲ့ကဒ်ဖိုးကတော့များပါတယ်။တစ်ကယ်ဆိုရင်ဒီကဒ်တွေက အခမဲ့ပေးပြီးအသုံးပြုဖို့အတွက် ငွေ၁၅၀၀၀ထည့်ရမယ်ဆိုရင်ကောင်းတာပေါ့ ဒါမှမဟုက်ကဒ်ဖိုး၂၀၀၀လောက်တောင်းပေါ့ အခုတော့ကဒ်ဖိုးက ကျပ်၁၀၀၀၀ဆိုတော့များပါတယ်”ဟုခရီးသည်တစ်ဦးက ပြောပြပါတယ်။
#Myanmagon