






မြန်မာ့ဂုဏ် စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ (၂၁)နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်း သမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ပုညကရဏလေးထပ် ဓမ္မာရုံတော်ကြီး၌ ကျင်းပ ပြုလုပ်သော ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ (၄၄)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့ပါတယ်။
ပြည်မြို့၊ ရွာဘဲ တောင်ပေါ်ကျောင်းတိုက်၊ ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကုမာရ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က (၅)ပါး သီလခံယူဆောက်တည်ခဲ့ကြပြီးသာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားကာပြည်ဆန်လှူရှင်အသင်းကြီး၏ ဥက္ကဋ္ဌ ဦးသန်းစိုးက လုပ်ငန်းဆောင်ရွက်မှုများအား လျှောက်ထားခဲ့ပါတယ်။
ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူတို့က ဩဝါဒါ စရိယ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့ကြပါတယ်။
ပြည်မြို့၊ ရတနာမာရ်အောင် တောရကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ ပြည်တောင်တန်းတောရ ကျောင်းများ ဆန်လှူအသင်းကြီး၏ ဩဝါဒစရိယ “အဂ္ဂမဟာပဏ္ဍိတ ” ဘဒ္ဒန္တနေမိန္ဒထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်း အနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ပြီးဆွမ်းဆန်တော်လောင်းလှူပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကြွရောက်လာကြသည့် ဆရာတော်/သံဃာတော်များနှင့် သီလရှင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များ က ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် နဝကမ္မအလှူငွေများ လောင်းလှူပူဇော်ခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ ပြည်မြို့နယ်အတွင်းရှိ တောရဘုန်းတော်ကြီးကျောင်း(၃၅၇)ကျောင်း ၊ တောရသီလရှင်ကျောင်း (၉)ကျောင်း၊ မြို့ပေါ်သီလရှင်ကျောင်းပေါင်း(၂၉) ကျောင်းတို့မှ ရဟန်း(၁၁၄၅)ပါး၊ သာမဏေ(၂၁၀)ပါးနှင့် သီလရှင် (၈၈၃)ပါးတို့အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ပြည်)၊ ဌာနဆိုင်ရာများ၊ နှင့် စေတနာရှင် ပြည်သူများမှ စုပေါင်း၍ ဆွမ်းဆန်တော် (၁၃၃၄.ဝ၄)အိတ်၊ ဆီ(၃၆၉၂)ပိဿာ၊ ဆား(၆၄၃)ပိဿာနှင့်ပဲ(၄၆၅)ပိဿာ စုစုပေါင်း လှူဒါန်းမှုတန်ဖိုး (၁၀၆၆၀၇၈၃၆/-) အား ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြတာဖြစ်ပါတယ်။
#MyanmaGon