








မြန်မာ့ဂုဏ် စက်တင်ဘာ ၂၄
ပြည်မြို့၊ တည်ဆောက်ရေး(၂) အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ် ကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်သလို တစ်ဘက်မှာလည်း စာသုံးသူများအတွက် အန္တရာယ်ဖြစ်စေ နိုင်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဒွန်တွဲတွေ့ရှိလာရသည့်အတွက် ပိုးသတ်ဆေး ဓာတ်ကြွင်း လျော့ကျကင်းစင်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်ပနိုင်ငံ သို့တင်ပို့သည့် စိုက်ပျိုးရေးထွက်ကုန်များနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ဓာတုပိုးသတ်ဆေး ဓာတ်ကြွင်းပမာဏကျော်လွန်သည့်ပစ္စည်းများကို တင်သွင်းခွင့်မပြုဘဲ မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ သည့်ဖြစ်စဉ်များ၌ တင်ပို့သည့်နိုင်ငံနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် များစွာ ထိခိုက်နစ်နာ မှုများဖြစ်ပေါ်ခဲ့ရကြောင်းပြောကြားပါတယ်။
ပဲခူးတိုင်းဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပြီး စပါးနှင့်ပဲသည် ဒုတိယအများ ဆုံးစိုက်ပျိုးကာ ပြည်ပသို့အများဆုံးတင်ပို့နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်စင်ရေး အားလုံးပူးပေါင်းဆောင်ရွက်သွားကြ စေလိုကြောင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်တင်ပို့ရာတွင် ကမ္ဘာ့ဈေးကွက်၌ ဂုဏ်ယူဝင့်ကြွားစွာ ယှဉ်ပြိုင်ရောင်းနိုင်ရေး ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် ဒေသခံတောင်သူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ ရွှေတစ်ချောင်းလမ်း ရှိ “ဝေဖြိုး” ပဲကြော်လုပ်ငန်းမှ ကုန်ထုတ်လုပ်မှုများ စဉ်ဆက်မပြတ်တိုးတက်စေရေးအတွက် Solar System ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲနေမှုအား ကြည့်ရှုအားပေးခဲ့ပါတယ်။
၎င်းနောက် ပြည်မြို့၊ ကမ်းနား လမ်း၊ ညဈေးအနီးရှိ သရေခေတ္တရာဆိုင်းဘုတ်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းနားလ်းနှင့် ညဈေးတစ်လျောက် သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေးနှင့် ဧရာဝတီ မြစ်နှင့် နဝဒေးတံတားအလှ မြင်ကွင်းကွယ်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
#Myanmagon