

မြန်မာ့ဂုဏ် စက်တင်ဘာ ၂၄
မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ လမိုင်းမြို့ ၊ ကုန်းပေါ်သစ်ရွာမှာ ဘောလုံးပွဲကြည့်နေတဲ့ ကျောင်းသားတွေအပေါ် အုတ်တံတိုင်းပြိုကျလို့ ကျောင်းသားသုံးယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ စက်တင်ဘာ ၂၄ ရက်နေ့ညနေပိုင်း ၃ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ကွက်စုပေါင်းကန်တဲ့ ဘောလုံးပွဲကိုကြည့်နေစဥ် မိုးသည်းထန်စွာရွာသွန်းကာဘုန်းကြီးကျောင်းရဲ့အုတ်တံတိုင်းနံရံပြိုကျခဲ့တဲ့အတွက် ဘောလုံးပွဲကြည့်သူတွေထဲမှာ သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
သေဆုံးခဲ့တဲ့ ကျောင်းသားတွေက ကုန်းပေါ်သစ်ရွာကဖြစ်ပြီး အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ်ရှိကလေးတွေဖြစ်ကြောင်း နဲ့လက်ရှိမှာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကို လမိုင်းဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကလည်း ကျောင်းသားတွေဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရလောက်အထိ ဒဏ်ရာပြင်းထန်တာမျိုးမရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
#Myanmagon