မြန်မာ့ဂုဏ် စက်တင်ဘာ ၂၄








မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ မော်စကိုမြိုမှာကျင်းပမယ့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန် အလုပ်သဘောခရီးစဥ်အဖြစ် ယနေ့ စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့ပါတယ်။
ခရီးစဥ်အတွင်းမှာ ယာယီသမ္မတဟာ ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်အပါအဝင် ရုရှားနိုင်ငံမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မှာဖြစ်ပြီး နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ယာယီသမ္မတနဲ့ မစ္စတာဗလာဒီမာပူတင်တို့ဟာ တရုတ်နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအ နားမှာလည်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
#MyanmaGon