
မြန်မာ့ဂုဏ် စက်တင်ဘာ ၃၀
ကချင်ပြည်နယ်၊ အကြမ်းဖက် KIA လက်နက်ကိုင်အဖွဲထိန်းချုပ်ထားတဲ့ မိုင်ဂျာယန်ဒေသက မြေရှားလုပ်ကွက်တစ်ခုအနီးမှာ ကားတစ်စီးမီးလောင်ကျွမ်းခဲ့တယ်လိုသိရပါတယ်။
စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တဲ့မော်တော်ယာဉ်ဟာ ဆီသယ်ယာဉ်ဖြစ်တယ်လို ဒေသခံတွေကပြောပါတယ်။
“မုန်ခါပါဆိုတဲ့နေရာက ဆီဆိုင်နားမှာပဲလောင်တာ ဆီပိုတဲ့ကားပဲ အဲဒီဆီဆိုင်က မြေရှားသတ္တုတူးတဲ့သူတွေ ဆီလာထည့်နေကျဆိုင်ပဲ”လို ဒေသခံတစ်ဦးကပြောပါတယ်။
ဆီသယ်ယာဉ် မီးလောင်မှုဖြစ်စဉ်မှာ ဆီသယ်ယာဉ်တစ်စီးမီးလောင်ပျက်စီးခဲ့ပြီး အခြားထိခိုက်မှုရှိမရှိ မသိရသေးဘူးလို ဒေသခံတွေကပြောပါတယ်။
အကြမ်းဖက် KIA လက်နက်ကိုင်အဖွဲထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မြေရှားသတ္တုအပါအဝင် သယံဇာတတူးဖော်ရေးလုပ်ငန်းများ စည်းမဲ့ကမ်းမဲ့လုပ်ဆောင်နေပြီး သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နေတယ်လို ဒေသခံပြည်သူတွေကပြောပါတယ်။
#MyanmaGon