
မြန်မာ့ဂုဏ် ၊ အောက်တိုဘာ ၁
TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ ဒီကနေ့ နေ့လည်ပိုင်းက တပ်မတော်မှ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲမြို့မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးတွေအပါအဝင် မြို့ထဲကနေရာအားလုံးကို တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး လုံခြုံရေးအရနယ်မြေရှင်းလင်းရေးတွေဆက်လက်ဆောင်ရွက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အောက်တိုဘာ ၁ ရက်နေ့ ဒီနေ့မှာ တပ်က ကျောက်မဲကို အပြည့်အဝပြန်လည် ထိန်းချုပ်လိုက်ပြီ မြို့ထဲ တပ်တွေ အခြေချပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုံခြုံရေးတွေဆက်လုပ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။




ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့က အကြမ်းဖက် TNLA အဖွဲတွေက ကျောက်မဲမြို့ထဲ့က မီးသတ် ၊ရဲစခန်း ၊ ထွေအုပ်ရုံးတွေအပါအဝင် ဌာနဆိုင်ရာရုံးတွေကို မီးရှို့ဖျက်ဆီးခဲ့တာတွေပြုလုပ်ခဲ့ပြီး မြို့ထဲကနေ ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ခဲ့ရာကနေ တစ်နှစ်ကျော်အကြာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
#MyanmaGon #TNLA