
မြန်မာ့ဂုဏ် အောက်တိုဘာ ၃
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ ကျင်းပပါတယ်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပါတယ်
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးချစ်ဆွေ က ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးသည် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့၌ တိုးတက်ကောင်းမွန်စေရေးအတွက် အခြေခံကျသောအခန်း ကဏ္ဍမှ ပါဝင်နေပါကြောင်း၊
ထို့ကြောင့် ဗဟိုကော်မတီအနေဖြင့် ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ အစီအမံများရေးဆွဲခြင်း၊ လိုအပ်ချက်များကို ပြုပြင်ခြင်း၊ အောင်မြင်အောင် အကောင်အထည်ဖော်ခြင်းတို့ဖြင့် ကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းထုတ်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
#Myanmagon