
အားကစား ၊ အောက်တိုဘာ ၃
အမေရိကန်ဆီမီးပရိုကလပ် UCLA အသင်းမှာကစားနေတဲ့ မြန်မာ့အမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး မေထက်လူဟာ ယမန်နေ့က အသင်းနဲ့လေ့ကျင့်ရေးလုပ်နေစဉ် ဘယ်ဘက်တံတောင်ဆစ် အဆစ်လွဲဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး မေထက်လူက လူမှုကွန်ရက်စာမျက်နှာက တဆင့်ဖော်ပြလာပါတယ်။



“အသင်းနဲ့အတူ စတင်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့ ဒုတိယနေ့မှာပဲ ဒဏ်ရာရခဲ့တာဖြစ်ပြီး သူ့အတွက်ကြီးမားတဲ့ ဒဏ်ရာမဖြစ်ခဲ့လို့ ကံကောင်းခဲ့ပါတယ်လို့ မြန်မာတိုက်စစ်မှူးမေထက်လူက လူမှုကွန်ယက်မှာရေးသားထားပါတယ်။
စိုးရိမ်ပူပန်ပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ကြောင်းပြောဆိုပြီး ကြံ့ခိုင်သန်စွမ်းတဲ့ကစားသမားအနေနဲ့နဲ့ ပြန်လာခဲ့မယ်လို့လည်း မြန်မာအမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး မေထက်လူက ဆက်လက်ရေးသားပါတယ်။
Photo – May Htet Lu Facebook
#MyanmaGon