


မြန်မာ့ဂုဏ် အောက်တိုဘာ ၄
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ပြည်လမ်း-၈ မိုင်တံတားပေါ်တွင် ယာဉ်သုံးစီး ဆင့်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းမှသိရပါတယ်။
ဖြစ်စဉ်မှာအောက်တိုဘာ ၃ ရက်၊ ည ၁၁ နာရီကျော်က မရမ်းကုန်းမြို့နယ် ပြည်လမ်း-၈ မိုင်တံတားပေါ်တွင် Taxiကားကိုကျော်တက်ရာမှ 4 Wheel ကားနှင့် လိုက်ထရပ် မျက်နှာချင်းဆိုင်တိုက်မိ၍ လိုက်ထရပ်ကားပေါ်က အမျိုးသားနှစ်ဦး သေဆုံးခဲ့တာလို့ပြောပါတယ်။
ယာဉ်တိုက်မှုတွင် သေဆုံးခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ YRO မှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးတာဝန်ရှိသူတို့ကဆက်လက်ဆောင်ရွက်နေကြောင်းသိရပါတယ်။
#Myanmagon