မြန်မာ့ဂုဏ် ေအာက်တိုဘာ ၄
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိးမျိုးဖြင့် ကျုးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ(၃၀)ရက်အထိ ပြည် ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး ၊ ပြည်နယ်များ၍ အ ရေးယူဆောင်ရွက်မှု (၂၄)မှု နှင့် တရားခံ(၆၄)ဦးကို အရေး ယူထားကြောင်း ပါတီစုံအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ က သိရပါတယ်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်သော လှုံဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျုးလွန်နေသူများကိုလည်း စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကပြောဆိုလိုက်ပါတယ်။
#Myanmagon





