


မြန်မာ့ဂုဏ် အောက်တိုဘာ ၄
အောက်တိုဘာ (၄)ရက် နံနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ONE Fight Night ပွဲစဉ်မှာ ပြိုင်ဘက်ဖြစ်သူ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန်ကာဒက်စတမ်ကို MMAဖိုက်တာ ကချင်တိုင်းရင်းသား အောင်လအန်ဆန် အနိုင်ယူပြခဲ့ပါတယ်။
ဒါပွဲဟာ အောင်လအန်ဆန်ရဲ့ နောက်ဆုံးပွဲဖြစ်သလို နိုင်ပွဲနဲ့အတူကစားသမားဘဝကိုအပြီးတိုင် နှုတ်ဆက်ခဲ့ပြီပဲဖြစ်ပါကြောင်းဆိုပါတယ်။
အောင်လအန်ဆန်ရဲ့ ပွဲစဥ်ကို အဆိုတော် လေးဖြူ ကိုယ်တိုင် “အမဲလိုက်အက” သီချင်း သီဆိုဖျော်ဖြေပြီး ပွဲထွက်လာခဲ့ပါတယ်။
ပြိုင်ဘက် ကာဒက်စတမ်ဟာ One Championship မှာ (၁၁) ပွဲကစား (၇) ပွဲနိုင် (၄) ပွဲရှုံးထားသူဖြစ်ပြီး အောင်လအန်ဆန်ကတော့ (၁၉) ပွဲကစား (၁၄) ပွဲနိုင်ပွဲရရှိထားသူဖြစ်ပြီး ၊ ယခုပွဲစဥ်အပါ(၁၅)ပွဲအနိုင်ရရှိပြီး သူချစ်တဲ့ ပရိတ်သတ်ကို နှုတ်ဆက်ခဲ့ပြီလို့သိရပါတယ်။
#Myanmagon