






မြန်မာ့ဂုဏ် အောက်တိုဘာ ၄
မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ရာပြည့် ရာပြည့်သဘင်အား ယနေ့ အောက်တိုဘာ ၄ ရက်နံနက်ပိုင်းက မန္တလေးတက္ကသိုလ်ပင်မဆောင်ရှေ့နှင့် ဘွဲ့နှင်းသဘင်ခန်းမတို့၌ ကျင်းပခဲ့ပါတယ်။
ရာပြည့်သဘင်ပွဲတော်သို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် ကဗ္ဗည်းမော် ကွန်းကျောက်စာအား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးခဲ့ပြီးမြန်မာနိုင်ငံတော် ယာယီသမ္မတမှ ခင်းကျင်းပြသထားသည့် ပြခန်းများ၊ ရာပြည့်သဘင်ပွဲတော်၌ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပါတယ်။
ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတသည် မန္တလလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်း အနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၅၀၀)အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံချီးမြှင့်ပေးအပ်ပြီး ဖျော်ဖြေရေးအဖွဲ့များကိုလည်း ဂုဏ်ပြုပန်းခြင်းများ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
#Myanmagon