မြန်မာ့ဂုဏ် အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၅) ရပ်ကွက်၊ ကျန်စစ်သားကျောကပ်လမ်းတွင် ယမန်နေ့ ည ၇:၁၅ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
အဆိုပါမီးလောင်ကျွမ်းရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူးဦးညီညီထွန်းနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၁၉)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးတို့က မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၉:၃၁ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၉:၃၅ အချိန်တွင် မီးငြိမ်းနိုင်ခဲ့တယ်လို့ပြောပါတယ်။
ဖြစ်စဉ်မှာ အောက်ခံခွက်မပါဘဲ ခြင်ဆေးခွေမီးထွန်းခဲ့ရာ ခြင်ဆေးခွေလဲကျပြီး အနီးရှိစက္ကူများပေါ်သို့ ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် (၁၀ x ၂၀)ပေ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း လူနေအိမ်(၁)လုံးနှင့် အတွင်းပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။
#Myanmagon


