

မြန်မာ့ဂုဏ် အောက်တိုဘာ ၈
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ ဒဂုံဧရာအဝေးပြေးကာဝန်း၊ ဖျာပုံလမ်းနှင့်အဝေးပြေးထွက်ပေါက်လမ်းထောင့်တွင် ယနေ့ (အောက်တိုဘာ ၈) နံနက် ၁နာရီခန့်တွင် မီးလောက်မှုဖြစ်ပွားကြောင်း သိရပါတယ်။
ဒဂုံဧရာအဝေးပြေးကွင်းထဲမှာ ယာဥ်မောင်းက ကားရှေ့ဘန်ဘာပေါ်မှာ ဖယောင်းတိုင်မီးထွန်းပြီး အိပ်ပျော်သွားရာမှ မီးလောင်ကျွမ်းခဲ့ပြီး ကားရှေ့ လေကာမှန်နှင့် အတွင်းရှိထိုင်ခုံများ မီးလောင်ကျွမ်းတာပါ ဟု ဒဂုံဧရာအဝေးပြေးကွင်းထဲနေသူများကပြောပါတယ်။
အဆိုပါမီးလောင်ကျွမ်းမှုကို လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးရန်နိုင်ဖြိုးပါ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြိမ်းသက်ခဲ့ရပြီး၊ ယာဥ်မောင်း ဦးကျော်ဇင်အောင် (၃၁နှစ်)အား ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။
#Myanmagon