








မြန်မာ့ဂုဏ် အောက်တိုဘာ ၁၅
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I) မှာ ယနေ့ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကိုယနေ့နံနက်ပိုင်းကအစီအစဥ်အရပ်ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင်မိန့်ခွန်းပြောကြားခဲ့ရာမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ အနေဖြင့် နိုင်ငံတော်တာဝန်လွှဲပြောင်းယူစဉ်ကတည်းက အခက်အခဲပေါင်းများစွာကြားမှ ဦးစားပေးလုပ်ဆောင်ရမည့်တာဝန်များကို အဆင့်အလိုက်ချမှတ်ကာ ဆောင်ရွက်ခဲ့သည်ဟုပြောပါတယ်။
လွတ်လပ်ရေးရပြီးအချိန်မှစ ပယောဂအမျိုးမျိုးကြောင့် တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲကြုံတွေ့နေရဆဲဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တစ်ဦးနှင့်တစ်ဦး စိတ်ရှည်သည်းခံပြီး NCA လမ်းကြောင်းပေါ်တွင် စည်းလုံးညီညွတ်စွာဖြင့် အနာဂတ်တွင် တနိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိဖို အားသွန်ခွန်စိုက် အတူတကွ ဆောင်ရွက်ကြရန်လည်းတိုက်တွန်းမှာကြားပါတယ်။
ရွေးကောက်ပွဲအား သုံးကြိမ်ပြုလုပ်သွားမှာဖြစ်ပြီး ပထမအကြိမ်တွင် ၁၀၂ မြိုနယ်၊ ဒုတိယအကြိမ်တွင် မြိုနယ် ၁၀၀ နှင့် ကျန်မြိုနယ်များအား တတိယအကြိမ်တွင် ပြုလုပ်မှာဖြစ်ပြီး ယင်းအနက် ထပ်မံကျန်ရှိတဲ့ မြိုနယ်များအား လာမယ့်အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တိုက ဦးဆောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ကျင်းပပေးမှာဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့၀င်များ၊ နိုင်ငံတော်၀န်ကြီးချုပ် ဦးညိုစောနှင့် အစိုးရအဖွဲ့၀င်များ ၊ညှိနှိုင်းရေးကော်မတီဝင်များ (NSPNC) တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ JMC ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စား လှယ်များ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခများ၊အသင်းအဖွဲ့များ၊အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊နိုင်ငံခြားသံတမန်များ၊ မီဒီယာများ၊ သတင်းမီဒီယာကောင်စီ၊ စာပေ၊ သဘင်၊ ရုပ်ရှင်၊ ဂီတမှ ကိုယ်စားလှယ်များ၊လေ့လာသူများ တက်ရောက်ခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ၁၀ နှစ်ပြည့်အခမ်းအနားကိုအောက်တိုဘာ(၁၅)ရက်နေ့မှ(၁၇)ရက်နေ့အထိကိုယ်စားလှယ်အစုအဖွဲ့၊အလုပ်ရုံဆွေးနွေးပွဲများ၊အတည်ပြု၊ဆုံးဖြတ်ချက်များဖြင့်ဆက်လက်ကျင်းပသွားမည်ဟုသိရပါတယ်။
#Myanmagon