






























မြန်မာ့ဂုဏ် အောက်တိုဘာ ၁၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့ မနက်ပိုင်းတွင် ဧရာဝတီတိုင်းပါတီဝင်း၌ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးသိန်းထွန်းတို့နှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်နှင့် ကျုံပျော်ခရိုင်များမှ ပါတီဝင်မိသားစုများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဥက္ကဌမှ ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ် ပြည်သူများ၏အနာဂတ်ဖြစ်သည့်အတွက် ပါတီဝင်မိသားစုများ၊ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရန်လိုအပ်ကြောင်း၊အထွေထွေရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်ရေးဝိုင်းဝန်းကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ပါတီဝင်မိသားစုများမှ သိလိုသည့် မေးမြန်းမှုများအပေါ် ပေါင်းစပ်ဖြည့်စွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
#Myanmagon
#Photo-PNyein