








မြန်မာ့ဂုဏ် အောက်တိုဘာ ၃၁
သာယာဝတီ၊ အောက်ကိုဘာ ၃၁ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း)စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာရှိ လုပ်ငန်းရှင် ဒေါ်ရိုစီဖြူ၏ စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက် Gasifier 400 KW ဖြင့် စပါးခွံလောင်စာတောင့် ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စပါးခွံအား ထင်းအစားထိုး တန်ဖိုးမြှင့် လောင်စာထောင့် ထုတ်လုပ်ခြင်းအား အားပေးမြှင့်တင်ရန်နှင့် ဒေသတွင်းသာမက ပြည်ပပိုအဆင့်ထိ တင်ပိုနိုင်ရေး မျှော်မှန်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။
#Myanmagon