










မဲပေးတာဟာ နိုင်ငံသားတိုင်းရဲ့အခွင့်အရေးလို့ ဦးမြထွန်းဦးပြော
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၁
ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးရမည်ဖြစ်ပြီး မဲပေးတာဟာ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးကပြောပါတယ်။
“မဲပေးတယ်ဆိုတာ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးနော်။ ကျွန်တော်တို့ သွားနေတာ ဒီမိုကရေစီခေတ် မလား။ ဒီမိုကရေစီခေတ်ဆိုတော့ ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ ၁၈ နှစ် ပြည့်ပြီးတဲ့သူတိုင်းက မဲကို ပေးရမယ်”လို့ ပြင်ဦးလွင်မြို့နယ် ဘော်ရွာမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။
အဆိုပါတွေ့ဆုံပွဲကို ဘော်ရွာနှင့် အနီးဝန်းကျင်ကျေးရွာများက ဒေသခံပြည်သူ ၅၀၀ ဝန်းကျင်တက်ရောက်ခဲ့ပါတယ်။
#MyanmaGon #Myanmar #Election