ကန်တွင်း၊ ဇီးပင်ပေါက်၊ သံဘို၊ ဖျင်းဇင်းနှင့် ငွေပုလဲကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး သွားရောက်တွေ့ဆုံ
ပျော်ဘွယ် ၊ ဒီဇင်ဘာ ၁၁






























ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိကန်တွင်း၊ ဇီးပင်ပေါက်၊ သံဘို၊ ဖျင်းဇင်းနှင့် ငွေပုလဲကျေးရွာများသို့ မိဘပြည်သူများနှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။
ပျော်ဘွယ်မြို့နယ် ကန်တွင်း၊ ဇီးပင်ပေါက်၊ သံဘို၊ ဖျင်းဇင်းနှင့် ငွေပုလဲကျေးရွာများရှိ မိဘပြည်သူများကို ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး အပါအဝင် အမျိုးသာလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးမောင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးအောင်နိုင်ညွှန့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဒေါ်သန်းသန်းအေးတို့က ဒေသခံမဲဆန္ဒရှင်ပြည်သူများနှင့်သွားရောက်တွေ့ဆုံခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက လာမည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်၍ ပြည်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေမိဘပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။