





























၅နှစ် တစ်ကြိမ်သာ ရွေးချယ်ခွင့် ရရှိသည့် ရွေးကောက်ပွဲတွင်
မဲပေးမမှားရန် လိုအပ်ကြောင်း ထားဝယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးမြတ်ကို ပြော
၂၀၂၅ ဒီဇင်ဘာ ၁၃၊ မြန်မာ့ဂုဏ်
၅နှစ် တစ်ကြိမ်သာ ရွေးချယ်ခွင့် ရရှိသည့် ရွေးကောက်ပွဲတွင်
မဲပေးမမှားရန် လိုအပ်ကြောင်း ထားဝယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးမြတ်ကိုက ယနေ့ကျင်းပသည့် ကရင်တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဗျောတောဝအုပ်စု ညောင်ရမ်းတောင်ရပ်တွင် ပြုလုပ်ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ကိုက “ ရွေးကောက်ပွဲဆိုတာ ၅နှစ်မှ တစ်ခါဘဲလုပ်ရတာ မဲပေးရတာက ၁ရက်ထဲ တစ်ခါရွေးပြီးရင် ၅နှစ်ဘဲ မကောင်းရင်လည်းခံ ကောင်းရင်လည်းစံကြရမှာဘဲ။ အဲတာကြောင့် မဲပေးရွေးချယ်တဲ့အခါမှာ အရွေးမမှားကြဖို့ လိုတယ်” အခုတက်ရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေက မဲ ၄ ခုပေးကြရမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ ကရင်တိုင်းရင်းသားဆိုပြီးတော့ ပေးကြရမှာ
ကိုရွေးလိုက်တဲ့သူက တိုင်းရင်းသားတွေအပေါ် ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာ သေချာစဉ်းစားပြီး မဲပေးကြဖို့လိုတယ် မဲပေးမမှားကြဖို့ လိုတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
ထားဝယ်မြို့နယ်နေ ကရင်တိုင်းရင်းသားများနှင့်တွေ့ဆုံပွဲကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၁၃ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ကျော်ဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ကို၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်နိုင်ဦး နှင့် ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း စောမာတင်လူသာ တို့တက်ရောက်ခဲ့ကြသည်။
Myanmagon