








အွန်လိုင်းလိမ်လည်မှုကျူးလွန်သူတွေကို ဘယ်လိုအကာအကွယ်မှ ပေးသွားမှာမဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၄
အွန်လိုင်းလိမ်လည်ရာဇဝတ်မှုကျူးလွန်သူတွေကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အခွင့်မရေးမရှိပဲ မည်သည့်အကာအကွယ်မှ ရမည်မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
“ ဒီအွန်လိုင်းလိမ်လည်ရာဇဝတ်မှုတွေနဲ့ ပြစ်မှုကျူးလွန်ခဲ့သူများကို ကျွန်တော်တို့ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ No Second Chance ၊ ဒုတိယအကြိမ် အခွင့်အရေး လုံးဝမရှိပါဘူး။ No Political or Personal Protection ၊ ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း လုံးဝ အကာအကွယ်ပေးခွင့် ရမှာမဟုတ်ပါဘူးÓ လို့ သူကဆိုပါတယ်။
နိုင်ငံတော်အစိုးရရဲ့ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နှင်းရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။
ဒါအပြင် အွန်လိုင်းလိမ်လည်မှုကို နိုင်ငံတကာက မုန်းတာထက် မြန်မာအစိုးရက ပိုမိုမုန်းတီးကြောင်းသူကပြောပါတယ်။
Òဒီအွန်လိုင်းလိမ်လည်မှုကို နိုင်ငံတကာက မုန်းပါတယ်လို့ ပြောတယ်။ ခင်ဗျားတို့ မုန်းတာထက် ကျွန်တော်တို့အစိုးရက ခါးခါးသီးသီးမုန်းတယ်။ အဲ့တော့ ကျွန်တော်ပြောချင်တာက ဒီဟာတွေကို ကျွန်တော်တို့အနေနဲ့ တိုက်ဖျက်နေတာဖြစ်တယ်။ ခုနကပြောတဲ့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ပတ်သက်မိတယ်ပေါ့။ ဒီ အရှေ့မြောက်ဒေသမှာလည်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ပတ်သက်တဲ့လူတွေ ရှိနေတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အစည်းထဲမှာလည်း ရှိတယ်။ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့အစည်းထဲမှာရှိတယ်။ ကျွန်တော်တို့ အရေးယူတယ်။ တော်တော်ကြီးကြီးမားမားကို အရေးယူခဲ့တာ ရှိတယ်Óလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။