ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းတွေကို အိမ်ပြည့်ရွေးချယ်ထားတာမဟုတ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှုး ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေးဆို
ပျော်ဘွယ် ၊ ဒီဇင်ဘာ ၁၆























၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်အသီးသီးကကိုယ်စားလှယ်လောင်းတွေကို အိမ်ပြည့်ရွေးချယ်ထားတာမဟုတ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှုး ပျော်ဘွယ်မြို့နယ်ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေးကပြောသည်။
“ပြည်ခိုင်ဖြိုးပါတီက ဝင်ပြိုင်တဲ့ကိုယ်စားလှယ်တွေကို လက်လွတ်စပယ် အိမ်ပြည့်ရွေးချယ်ထားတာမဟုတ်ဘူး ၅ယောက်ပြိုင်ရမယ်ဆိုလို့ ၅ယောက်ကောက်ထည့်လိုက်တာမဟုတ်ဘူး အရည်းအချင်းတွေကိုစစ်တယ် သတ်မှတ်ထားတဲ့ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့အရည်အချင်းဟာ ဘွဲ့ရရမယ်လို့ ကျွန်တော်တို့ပါတီက သတ်မှတ်ထားတယ် သို့သော်လည်းနိုင်ငံတော်က ပြန်လျှော့ထားတယ် ဆယ်တန်းအောင်မြင်ပြီးမြောက်ရင်ရတယ်ဆိုပြီးသတ်မှတ်ထားတယ် အတွေ့အကြုံရှိတဲ့သူတွေ တကယ်ပညာတက်တဲ့သူတွေ လုပ်ဖူးကိုင်ဖူးတဲ့သူတွေ လုပ်တက်ကိုင်တက်တဲ့သူတွေ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေကို ကျွန်တော်တို့ပါတီက ရွေးချယ်ထားတယ် နိုင်ငံအကျိုးအတွက် လုပ်ချင်ကိုင်ချင်သူတွေ၊ တကယ်ကျွမ်းကျင်တဲ့သူတွေကိုပဲ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးချယ်ထားတယ် ရွေးတာကိုလည်း စည်းမရှိကမ်းမရှိရွေးတာမဟုတ်ဘူး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်ဆိုပြီး အဆင့်ဆင့် ဒီပုဂ္ဂိုလ်တွေကို သူတို့ရဲ့အတွေ့အကြုံတွေ မှတ်တမ်းတွေကို ကြည့်ပြီးရွေးချယ်ထားတာြဖစ်တဲ့အတွက် ဒီကိုယ်စားလှယ်တွေကို မိဘပြည်သူတွေအနေနဲ့ ယုံကြည်စိတ်ချစွာမဲပေးနိုင်တယ်လို့ ဆိုလိုတာြဖစ်ပါတယ် ဒါကြောင့်မို့ ကျွန်တော်တို့ကိုယ်စားလှယ်တွေကို ယုံယုံကြည်ကြည်နဲ့မဲပေးပါ ဒီလူတွေကို မဲပေးလို့ မဲပေးရကျိုးနပ်ရပါစေမယ် “ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှုး ပျော်ဘွယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ထန်းပင်ကျေးရွာပြည်သူများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ၊ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ် လက်သဲကြိုးကျေးရွာအုပ်စု လက်သဲကြိုးကျေးရွာ၊ထန်းပင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာနှင့် ဘိုကုန်းကျေးရွာများသို့သွားရောက်ကာ မဲဆန္ဒရှင်မိဘပြည်သူများနှင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။
ပျော်ဘွယ်မြို့နယ် လက်သဲကြိုးကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများနှင့်သွားရောက်တွေ့ဆုံရာတွင် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးအောင်နိုင်ညွှန့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဒေါ်သန်းသန်းအေးတို့က သွားရောက်တွေ့ဆုံခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက လာမည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်၍ ပြည်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေမိဘပြည်သူများက ရွေးကောက်ပွဲနှင့်ပက်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ပျော်ဘွယ်မြို့နယ်သည် လာမည့်ဒီဇင်ဘာလ ၂၈ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲပထမအကြိမ်တွင်ပါဝင်လျက်ရှိသည်။