



















ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း) ပေါက်ခေါင်းမြို့၊ဝက်တိုးကျေးရွာရှိဒေသခံမဲဆန္ဒရှင်ပြည်သူများ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံ
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၉
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်ပေါက်ခေါင်းမြို့၊ဝက်တိုးကျေးရွာအုပ်စု၊ဝက်တိုးကျေးရွာသို့သွားရောက်ပြီးဒေသခံမဲဆန္ဒရှင်ပြည်သူများ၊ပါတီကိုအားပေးထောက်ခံသူများ၊ပါတီဝန်းရံသူများနှင့်တွေ့ဆုံခဲ့ပါတယ်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်လောင်းများသည် တက်ရောက်လာကြသူများနှင့်မဲပေးခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိရေး၊ရပ်ကွက်ကျေးရွာအလိုက် စည်းရုံးရေးဆောင်ရွက်ထားရှိမှုအခြေအနေများ ၊ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ ဒေသနှင့်အကျုံးဝင်ကိုက်ညီသည့်အချက်များရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များ၊ဖွံ့ဖြိုးရေးကိစ္စရပ်များရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြပြီးမဲပေးရာတွင်မှားယွင်းမှုမရှိစေပဲ မဲပေးမှုမှန်ကန်စေရေးတို့ကိုသရုပ်ပြရှင်းလင်းပြသခဲ့ပါတယ်။
ပေါင်းခေါင်းမြို့နယ်၊ဝက်တိုးကျေးရွာအုပ်စုအနေဖြင့်လည်း ကိုယ်စားလောင်းဦးမျိုးဇော်သိမ်းကို ရွေးချယ်မဲပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း ကျေးရွာလူထုဆီကသိခဲ့ရပါတယ်။
Myanmagon(Sn)
Photo by WaiLinn