









မြန်မာ့ဂုဏ် အောက်တိုဘာ ၂
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားရင်ပြင်တော်ပေါ်၌ အောက်တိုဘာလ (၂)ရက်နေ့၊ နံနက်ပိုင်းက ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ပထမအကြိမ်အလှူတော်ငွေပေးအပ်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊အလှူ့ရှင်များတက်ရောက်ကြပါတယ်။
ပဲခူးမြို့၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ်ပြန်လည်တည်ထားကိုးကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက လှရတနာဆရာတော်အရှင်သူမြတ်၊ စေတနာရှင်အလှူရှင်များမှ ပထမအကြိမ်အဖြစ် အလှူတော်ငွေ ၂၅၁၂ သိန်း ၅ သောင်းနှင့် ယွမ် ၂၀၀၀ တို့အား ဆက်ကပ်လှူဒါန်းပေးခဲ့ ကြောင်း သိရှိရပါတယ်။
#Myanmagon